Pages

Saturday, November 15, 2014

ဖမ်းဆီးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား

ဖမ်းဆီးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၁၁ ဦးအား ဘူးသီးတောင်ရဲစခန်းတွင် စစ်ဆေးလျှက်ရှိ


15.11.2014
ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်ကာရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ ဦးတို့အား ယခုလ ၁၀ ရက်နေ့က ဘူးသီးတောင်မြို့နယ်အတွင်းမှ ဖမ်းဆီးရရှိခဲ့ပြီး ယင်းခိုးဝင်လာသူများအား ဘူးသီးတောင်မြို့မရဲစခန်းတွင် စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

“သူတို့ကို အခုဘူးသီးတောင်တရားရုံးမှာ စစ်ဆေးနေပါတယ်။ ဘာကြောင့် ဝင်လာတယ်။ ဘယ်လိုညွှန်ကြားချက်နဲ့လာ တယ်ဆိုတာကို ဘူးသီးတောင် ရဲစခန်းကနေတာဝန်ယူပြီး စစ်ဆေးနေပါတယ်။”ဟု ဘူးသီးတောင်မြို့နယ် နယ်ခြားစောင့် ရဲစခန်းတစ်ခုဖြစ်သည့် လေးမြို့ရဲစခန်းမှ ဒု-ရဲအုပ်အောင်ခင် ကပြောသည်။

အဆိုပါ ခိုးဝင်လာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ ဦးတို့မှာ ဘူးသီးတောင်မြို့နယ် အတွင်းသို့ မည်ကဲ့သို့ ဝင်ရောက်လာခဲ့ သည်ကို မသိရှိရဘဲ ၁၀ ရက်နေ့ညနေ ၅ နာရီခွဲအချိန်တွင် ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာအုပ်စု၊ ဒုံးသိမ်ကျေး ရွာအနီးရှိ ရော်ဘာ စိုက်ခင်း တစ်ခုအတွင်းရှိ လျှိုမြောင်ထဲတွင် ပုန်းအောင်းနေ စဉ် ကျေးရွာသားတစ်ဦးတွေ့ရှိခဲ့သည့် အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လာရောက်အကြေင်းကြားသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အမှတ် (၅၅၁) ခြေမြန်တပ်ရင်းနှင့်ပူးပေါင်းကာ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမှတစ်ဆင့် (၅၅၁)ခြေမြန်တပ်ရင်းတွင် စစ်ဆေးမေးမြန်းပြီး နောက်နေ့မနက် ၇ နာရီခွဲတွင် ဘူးသီးတောင်မြို့နယ် နယ်ခြားစောင့် ရဲတပ်ဖွဲ့တစ်ခုဖြစ်သည့် လေးမြို့စခန်းသို့ လွှဲအပ်လိုက်ခြင်းဖြစ်ကာ ဖမ်းဆီးထားသူ ၁၁ ယောက်ထဲတွင် အမျိုးသား ၁၀ ဦး နှင့် အသက် ၁၂ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးပါဝင်ပြီး ၎င်းတို့မှာ ရခိုင်စကားအပြင် မြန်မာဘာသာ မည်သည့်စကားမှ မပြောတတ်ကြောင်း စစ်ဆေးချက်အရ သိရသည်။

“သူတို့ကို တွေ့ရှိတာက ကင်းတောင်အုပ်စု ဒုံးသိမ်နဲ့ ၅၅၁ နဲ့ စပ်ကြားတောင်ကုန်း တစ်ခုရှိတယ်။ အဲဒီတောင်ကုန်းရဲ့ လျှိုထဲမှာ ကုလားတစ်စုတွေ့တယ် ဆိုပြီး အုပ်ချုပ်ရေးမှူးက သတင်းရတဲ့အတွက် သူကိုယ်တိုင် သွားကြည့်ပြီး ရွာသားတွေနဲ့ လိုက်သွားတယ်။ အဲဒီအချိန်မှာ တပ်က သတင်းရပြီးတော့ လိုက်လာခဲ့တယ်။ သူတို့အားလုံးကို တပ်ကခေါ်သွား ပါတယ်။” ဟု ကင်းတောင်ကျေးရွာကျောင်းအုပ်ကြီး ဦးသိန်းထွန်းဝင်း ကပြောသည်။

ရခိုင်ပြည်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် ဒေသတစ်ခုဖြစ်သည့်အတွက် နယ်စပ်တလျှောက်တွင် နယ်ခြားစောင့် စခန်းများချထားသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ ရခိုင်ပြည်နယ်အတွင်းသို့ ယခုကဲ့သို့တရားမဝင် ခိုးဝင်နေသူ များမှာ နေ့စဉ်နှင့်အမျှရှိနေပြီး ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂလီများမှာလည်း တစ်ဖက်နိုင်ငံသို့ ပင်လယ် ထွက်ပေါက်မှ တစ်ဆင့် နေ့စဉ်နှင့်အမျှသွားလာလှုပ်ရှားနေမှုများ ရှိနေကြောင်း ဒေခံများ၏ပြောပြချက်အရသိရသည်။
Development News Journal

No comments:

Post a Comment